ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ မြို့တော်မှာ ကျိုင်းတုံမြို့ ဖြစ်ပါသည်။ (၄)ခရိုင်နှင့် (၁၀)မြို့နယ် ရှိပါသည်။ ကျိုင်းတုံမြို့တွင် ထူးခြားသော
ဘုရားစေတီများစွာ ရှိပါသည်။ မဟာမုနိရုပ်ပွားတော်မှာ ကျိုင်းတုံမြို့၏ မြို့လယ်တွင် တည်ရှိပြီး ဘုရားဖူးများ အမြဲမပြတ် စည်ကား
လျှက် ရှိပါသည်။ ဘော်လုံးကွင်းနှင့် နောင်တုံကန်လည်း ရှိပြီး အဲဒီနေရာများတွင် အမြဲစည်ကားလျှက် ရှိပါသည်။ ကျိုင်းတုံမြို့တွင်
ရာသီဥတုမျှတသဖြင့် ရောက်လာသူများ မပြန်ချင်အောင် ဖြစ်နေမည် ဖြစ်သည်။ မြို့မဈေးတွင်လည်း မျိုးစုံလှပါသည်။ ရှမ်းအစားအစာ
များလည်း စားကောင်းလျှက် ရှိပြီး ရှမ်းမများကလည်း ရှမ်းနှစ်သစ်ကူးမှာ အကများ၊ ဒေါင်းအက၊ တိုးနယားအကနဲ့ ရှမ်းကောက်စိုက်
ရိုးရာအကများဖြင့် ဖျော်ဖြေလျှက် ရှိပါသည်။
ဒါကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကို တစ်ခေါက်တစ်ခါ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။